Tuesday 30 October 2012

gtalk မှာ မြန်မာ လမ်းညွှန်ကို ထည့်ချင်ရင်

gtalk မှာ မြန်မာ လမ်းညွှန်ကို ထည့်ချင်ရင်
 gtalk@themyanmardirectory.com
သို့မဟုတ်
mydirectory@bot.im ကို invite လုပ်ပါ။ဒီဟာတွေ မရရင်..

 နောက်ဆုံးထွက် အင်္ဂလိပ်-မြန်မာ ဒေရှင်နရီ အကောက် လေးပါ မိမိ Gtalk မှာ  အက်ထားလိုက်ရုံနဲ့ သိလိုတာတွေကို မေးမြန်းနိုင်ပါတယ် အကောက်က ဒီမှာကော်ပီလုပ်ပြီး အက်လိုက်ပါ ခင်ဗျ en2my@burmesecloud.net

Gtalk ကနေ Worldwide ဖုန်းသရဲလုပ်ကြရအောင် (ဖရီး ဖရီးနော်..)


 အလကားရပါ့မလား ဆိုတဲ့မေးခွန်းတွေအတွက်တော့
ဒါလား… လွယ်ပါတယ်…http://login.tringme.com/signup.php
Tring Me! မှာ Gmail Account နဲ့ Sign Up လုပ်လိုက်ပါ..
ဘာမှဖြည့်စရာ မလိုပါဘူး… သင့်အတွက် နာမည်တစ်ခုရယ်.. သင့်မေးလ်လိပ်စာလေးပဲ ထည့်လိုက်ရုံပါပဲ…
ပြီးရင် သူတို့ဆီကနေ သင့် Mail ဆီကို အကောင့်ကိုပြုလုပ်ပြီးဖြစ်ကြောင်းနဲ့ Login အတွက် သင်သုံးရမယ့် Password
တစ်ခုကို ပို့ပေးပါလိမ့်မယ်…
ဒါဆိုရင်တော့ ပြီးပြီပေါ့….
ကျန်တာကတော့ သင့်ရဲ့ Gtalk ကို ဖွင့်လိုက်ပါ.. (စောစောက အကောင့်လုပ်ထားတဲ့ Gmail လိပ်စာဖြစ်ဖို့တော့ လိုမယ်နော်…)
နောက်ပြီးရင်တော့ tringme@gmail.com ကို Invite လုပ်လိုက်ပါ.. စက္ကန့်ပိုင်းအတွင်းမှာ သင့်ကို Add လုပ်ပါလိမ့်မယ်..
ကဲ…..


ဖုန်းသရဲလုပ်လို့ရပါပြီ….. Online မှာ မီးစိမ်းလေးနဲ့ ပြနေမယ့် TringMe Account က သင့် Gtalk Friend list မှာ ပေါ်နေပြီပေါ့…
TringMe ကို Gtalk ကနေ ပုံမှန် Chat နေကြပုံစံနဲ့ပဲ .. Double Click လိုက်ပါ…
ပြီးရင်တော့ သင်စာရိုက်တဲ့နေရာမှာပဲ…
Call ကို ရိုက်ထည့်လိုက်ရင်.. သင့်ကို TringMe ကနေ Auto ငုတ်တုတ် Gtalk ကနေပဲ Voice Chat ပြန်ခေါ်ပါလိမ့်မယ်…
Answer နှိပ်လိုက်တာနဲ့ သင်ရိုက်ထည့်ထားတဲ့ ဖုန်းနံပါတ်ကို TringMe က စခေါ်နေပါပြီ…
တကယ်လို့ သင်ဆက်လိုက်တဲ့ဖုန်းနံပါတ်ပိုင်ရှင်က ဟိုဘက်ကနေ လာကိုင်လိုက်တာနဲ့ ဖုန်းကပြန်ကျသွားပါမယ်..
ဒါကတော့ ပိုက်ဆံပေးရတဲ့အပိုင်းဖြစ်သွားပါပြီ… ဖုန်းကို ခေါ်ဆိုရုံပဲလုပ်တဲ့အတွက်.. ဖုန်းသရဲလုပ်ဖို့တော့ အဆင်ပြေပါတယ်… BigGrin
ကိုယ့်ဖုန်းနဲ့လည်း ကိုယ့်ဘာသာစမ်းသပ်နိုင်ပါတယ်… (Toll မတက်… Totally Free ဖြစ်ပါတယ်..)
တစ်ခုအရေးကြီးတာကတော့ Call နောက်က ဖုန်းနံပါတ်ကတော့ နိုင်ငံကုဒ်တွေပါ ထည့်သွင်းပေးဖို့ပါ..

Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း

 ကိုယ့်ရဲ့ Gtalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ ကတကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါ။

(၁) Gtalk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။
(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက
      အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။
      ပြီးရင်.. Go off the record ကို နှိပ်ပါ။
(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။
      ဥပမာ… hi လို့ ရိုက်ပြီး   ချက်ကြည့်ပါ။
(၄)..............@gmail.com is offline and can’t receive messages right now.
     လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။
      တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။
(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။
      ဒါမှ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail က Chat section မှာ Chat history 
      ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

စမ်းကြည့်လိုက်ပါ.....ပြီးရင်..ဟေ့..ငါသိတယ်နော် ဆိုပြီးဖမ်းလိုက်ပေါ့...ဟဲဟဲ..

ကွန်နက်ရှင် ကျနေစဉ် ဂျီမေးဂျီတော့ ဖွင့်နိုင်စေရန်

 Connection ကျနေစဉ် G talk, G mail ဖွင့်နိုင်စေရန်ရည်ရွယ်ခြင်း
ဖြစ်သည်.


Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ/
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။ ပေါ်လာလျှင်HTTP poxy box တွင်
212.93.193.72 ကိုရိုက်လိုက်ပါ။ ဘေးက Port box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။


Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင် use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
port box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************
poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ port ကတော့ 443 ပဲဖြစ်ပါတယ်...


ကျွန်တော်ကတော့ 212.93.193.74 port 443 နဲ့ 


အဆင်ပြေနေပါတယ်

Gtalkမှာ မိမိရဲ့ သူငယ်ချင်း ဘယ်နိုင်ငံကလဲဆိုတာ သိဖို့..

G talk မှာ မိမိရဲ့ သူငယ်ချင်းဟာ ဘယ်နိုင်ငံကလဲဆိုတာရယ်နောက် location ကို

ညာပြောထားတာလား အမှန်ပြောတာလားဆိုတာကို ဖမ်းရအောင်ဗျာ..

(ဟီး Gtalk မှာညာတဲ့သူတွေတော့မုန်းတော့မှာဘဲ)

ကဲစပြီးစမ်းကြည့်ရအောင်

ပထမဆုံးကတော့ မိမိရဲ့ မေးလ်ထဲကို ၀င်လိုက်ပါ..

ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးလ်ကို ဖွင့်လိုက်ပါ

ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ

show original ကိုဆက်လက် click ပါ

Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ



Received by ဆိုတဲ့နောက်က တော့ သူ့ရဲ့ IP address ပေါ့

သူ့ရဲ့ location ကိုသိချင်ရင်တော့ http://www.whatismyipaddress.com မှာ


သူ့ရဲ့ IP addressကိုထည့်ပြီးရှာကြည့်ရင်တော့သူဘယ်နိုင်ငံကလည်းဆိုတာကို

မိတ်ဆွေတို့ သိရပြီပေါ့ဗျာ

အဆင်ပြေကြပါစေ

Firefox မှာ gtalk ပေါင်းထည့်ခြင်း

ကျွန်တော်တို့ မော်ဇီလာသုံးထားတဲ့ အိုင်ပီအတိုင်း ဂျီတော့ကို သုံးလို့ရပါတယ်..

ဒါဆိုFreedom နဲ့လဲကျော်စရာ
မလိုတော့ဘူးပေါ့နော်... ဒီလိုထည့်ထားချင်ရင်...

အရင်ဆုံး ဒီဆိုဒ်လေးကနေ၀င်လိုက်ပါ..
https://addons.mozilla.org/en-US/firefox/addon/4708
ပြီးရင်သူကinstall ဆိုတောလေးရှိတယ်... အဲ့ဒါလေးကိုနှိပ်ပေး..
ဒါဆိုinstall လုပ်သွားလိမ့်မယ်... ပြီးရင်မော်ဇီလာကို restart လုပ်ခိုင်းလိမ့်မယ်... အဲ့ဒါလုပ်ပေးပြီးလို့
မော်ဇီလာပြန်တက်လာရင် view ထဲက sitebar မှာ Gtalk sitebar ဆိုတာလေးကို on ပေးပါ...ဒါဆိုသုံးလို့ ရပါပြီ...

FACEBOOK အကောင့်ဖျက်နည်း

အရင် ဦးဆုံး ဒီလင့်ကို သွားလိုက်ပါ... 

ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........
ပေါ်လာတဲ့ထဲက Submit ကိုကလစ်ပါ..............
.
နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါက သင်ရဲ့အရှုပ်ထုတ်ဖြစ်နေတဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ.............

phone no. ထည့်စရာမလိုပဲဂျီမေးအကောင့်ဖွင့်နည်း

Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။

Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Access denied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ။
Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။
Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။
ှတစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။ အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။

hahaha Gtalk Virus !!!

hahaha Gtalk Virus !!!

Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်...

hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..

မူရင်းရေးထားတဲ့သူရဲ့ Malwarebytes softwareကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)လင့်ကတော့ http://www.mediafire.com/?mkm2jmy2m4z (ဒေါင်းမာန်ဟုန်)

၁.. desktop မှာ ဆေ့ပါ။
၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။
၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၎..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်...အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီဗျာ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။

မြန်မာနိုင်ငံ Y Talk အသုံးပြုပုံ


How to Start ?
အဆင့်(၁) ။ ။ ပထမဆုံး အသုံးပြုမည့် user များသည် မိမိတို့ စတင် အသုံးပြုမည့် VoIP Account Card ကိုဝယ်ယူရပါမည်။
အဆင့်(၂) ။ ။ VoIP Account Card ၀ယ်ယူပြီးသည့် user များသည် အသုံးပြုရန် Pin Code ပါဝင်သော Recharge Card ကိုထပ်မံ ၀ယ်ယူရပါမည်။........
User Guide
အဆင့် (၁) ။ ။ User များသည် မိမိတို့ ၏ Account No. နှင့် Password ကို Softphone ၏ Username နှင့် Password နေရာများတွင် ဖြည့်သွင်းပြီး Login ၀င်ရောက်ရမှာဖြစ်ပါသည်။
အဆင့် (၂) ။ ။ User များသည် မိမိတို့ ၀ယ်ယူထားသော Recharge Card မှ Pin Code No. ကို http://voip.yatanarpon.com.mm ၏ Recharge via Voucher Card သို့ သွားရောက်ပြီး ဖြည့်သွင်းမှသာ ဖုန်းစတင် ခေါ်ဆို နိုင်မည် ဖြစ်ပါသည်

Gtalk သုံးပြီး တစ်ဖက်လူရဲ့ IP ကိုကြည့်ခြင်း

အကယ်၍ တစ်ဖက်ကသာ Gtalk ကို Proxy သို့ Tunneling လုပ်ပြီး မသုံးဘူးဆိုရင်တော့ နေရာ အတိအကျကို သိဖို့ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းအတွက် လိုအပ်ချက်တစ်ခုက တစ်ဖက်ကလူကို Call လက်ခံအောင် လုပ်ရပါမယ်။
ပထမဆုံး Settings > Connection အောက်မှာ.......

Monitor
ဒီ Windows ပေါ်လာပါမယ်။

Connection Monitor
ပြီးရင် ကိုယ်သိချင်တဲ့ Contacts ကို ခေါ်ပါ။

Call Contacts
Call လက်ခံပါက လိုအပ်တဲ့ Data တွေ တက်လာပါ့မယ်။

Connection Monitor
ထို့နောက် IP Address Locator Google မှာရှာပြီး ခုနက IP Address ကို ကူးပေးလိုက်ရင် Geographic Location ထွက်လာပါမယ်။ ဥပမာ Geobytes ကို ကျွှန်တော်သွားပြီး ကျွှန်တော့်သူငယ်ချင်းရဲ့ IP Add ကို သူတို့ပေးထားတဲ့ Web Services ကနေ စစ်လိုက်တာပါ။
back to top